Sunday, September 6, 2009

အိမ်လိပ်စာပြောင်းခြင်း

http://www.waing09.blogspot.com/ ကို လိပ်စာပြောင်းသွားပါပြီ။ ၀ိုင်းဘလော့ကို လင့်ထားခဲ့သည်များရှိပါက ဒီလိပ်စာအသစ်လေးကို ပြောင်းပေးကြပါရန် အနူးအညွတ်တောင်းပန်အပ်ပါတယ်။

28.08.2009 မှာ အိမ်အသစ်လေး စတင် တည်ထောင်ထားတဲ့အတွက် အလည်လာရောက် ဖတ်ရှု အကြံပေးခြင်း၊ comment များရေးပေးခြင်း၊ စီဘောက်စ်မှာ အော်သွားခြင်း၊ အီးမေးလ်နှင့် ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။



အိမ်အသစ်လေးမှာတော့ 05.09.2009 နေ့တုန်းက Myanmar Blogger Gathering in SG ဆိုတာလေး ပို့စ်အဖြစ်တင်ထားပါတယ်။ ဘလော့ဂါမောင်နှမတွေ အမှတ်တရအဖြစ်ရိုက်ထားကြတဲ့ ပုံလေးတွေလည်း ရှိတယ်နော်။

ဝိုင်းဘလော့ဆီကို လင့်နေရာကနေပဲဖြစ်ဖြစ်၊ ဘလော့ဂါတွေရဲ့ အိမ်တွေကနေ တဆင့်ပဲဖြစ်ဖြစ်၊ မျက်စိလည်လမ်းမှားရောက်လာသူပဲဖြစ်ဖြစ် ၀ိုင်းရဲ့ အိမ်အသစ်လေးဆီ သွားရောက်ပေးကြဖို့ အားလုံးအားလုံးကို အကြောင်းကြားအပ်ပါတယ်။ အိမ်သစ်လေးကနေ နွေးထွေးစွာ ကြိုဆိုနေပါတယ်။ ရောက်လာကြသူတွေ အားလုံးရှဲ့ရှဲ့နီမန်းပါ :))))) :D

အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

Labels:

Thursday, September 3, 2009

နားဆင်စရာသီချင်းများ (၃)


သီချင်းလေးကတော့ ကျောချင်းကပ်တဲ့။ အဆိုတော် နောင်နောင်နဲ့ နန္ဒာတို့ The Best Of Melody World Album မှာ ပါဝင်သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ နားဆင်ကြဖူးမှာပါနော်။



http://www.youtube.com/watch?v=20Qq6nDv8Bc ဒီလင့်လေးကနေ ကြည့်ရှုနိုင်ပါတယ်။



ဒါလေးကတော့ chinese version လေးနဲ့ပါ။ သီဆိုထားသူတွေကတော့ Tao Jie နဲ့ Jolin တို့ဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်လေးရဲ့ အဓိပ္ပါယ်ကတော့ "ဒီနေ့ပဲ မင်းကိုယ့်ကို လက်ထပ်ပါ" တဲ့ ။ သီချင်း စာသားလေးကတော့ - ဘယ်လောက်ပဲ ရာသီတွေ၊ နှစ်တွေ အလီလီ ပြောင်းလဲပေမယ့်လည်း Romantic ဆန်တဲ့အချစ် သီချင်းလေးတွေက အမြဲတမ်း အင်အားပြည့်ဝစွာနဲ့ အနှစ်သာရ ရှိနေဦးမှာပါ။ ကောင်မလေးနဲ့ ကောင်လေးတို့ ၂ဦးဟာ အမှတ်မထင် ဆုံတွေ့ကြပြီး အနီးစပ်ဆုံးချစ်သူဘ၀ကို ရောက်ရှိသွားကြပါတယ်။ ဒီလိုနဲ့ လက်တွေကို ခိုင်မြဲစွာ တွဲလို့ ဘ၀လမ်းကို ပျော်ပျော်ရွှင်ရွှင် လျှောက်လှမ်းကြစို့ဆိုပြီး ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်းပါတော့တယ်။ မနေ့ကဆိုတာ မမီတော့ဘူး၊ မနက်ဖြန်ဆိုရင်လည်း အချိန်တွေက နှမျောစရာ ကောင်းလိမ့်မယ် အဲ့ဒီတော့ ဒီနေ့ပဲ မင်းကိုယ့်ကို လက်ထပ်ပါ ဆိုပြီး သီချင်းလေးနဲ့ လက်ထပ်ခွင့်တောင်းထားပါတယ်။ သူ့ချစ်သူကောင်မလေးကလည်း လက်ထပ်ဖို့သဘောတူလိုက်ပြီး မနေ့က ဆိုတာလည်း လှည့်မကြည့်ကြေး၊ မနက်ဖြန်ဆိုတာလည်း
မမီတော့ဘူး
ဒီနေ့ပဲ မင်းကိုယ့်ကို လက်ထပ်ပါဆိုပြီး church ကျောင်းမှာ ဘုရားသခင်ဆီ၊ ဆွေမျိုး မိတ်သင်္ဂဟဆီများရှေ့မှောက် သက်သေထားကာ သစ္စာတိုင်တည်ပါတယ်။ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင် ၀မ်းနည်း ၀မ်းသာခြင်းတွေကို နှစ်ဦးသဘောတူ အောင်မြင်စွာ ချစ်ခင်စွာနဲ့ ကျော်ဖြတ်သွားရမယ်၊ တစ်ယောက်နဲ့တစ်ယောက်လည်း တန်ဖိုးထားရမယ်၊ ဂရုစိုက်ရမယ်၊ နှစ်သိမ့်မှုတွေ ပေးရမယ်၊ စိတ်တူ ကိုယ်တူနဲ့ သာယာချမ်းမြေ့တဲ့ ဘ၀တစ်ခုတည်ထောင်ကြရမယ်ဆိုပြီး သစ္စာတိုင်တယ်ထားပုံကို သီချင်းလေးတပုဒ်အဖြစ် သီဆိုထားပါတယ်။ တရုတ်မင်္ဂလာဆောင်တွေမှာဆို ဒီသီချင်းလေး အမြဲ ဖွင့်လေ့ရှိပါတယ်။ အားလုံးပဲ နားဆင်ခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ ချစ်သူတွေလည်း ထာဝရလက်တွဲဖော်အဖြစ် ပျော်ရွှင်စွာ ဘ၀ခရီးလမ်းကို ဖြတ်သန်းနိုင်ကြပါစေနော်....



http://www.youtube.com/watch?v=ZD2J8g2G6Ro



အားလုံးကို ခင်မင်လေးစားလျက်
ဝိုင်း

Labels:

Wednesday, September 2, 2009

ဥာဏ်စမ်းပုစ္ဆာ (ပုံပြင်လေးပါ)

ရှေးလူကြီးတွေများ တော်တော်ပညာပြချင်တတ်သည်။ နှောင်းလူတွေကို ဆုံးမချင်တာ၊ မှာခဲ့ချင်တာ ရှိတဲ့အခါ တိုက်ရိုက်တည့်တည့် ပြောလိုက်လျှင် ရလျက်သားနှင့် ပဟေဠိ စကားထားတွေနှင့် ဦးနှောက်စားအောင်လုပ်တတ်သည်။

သိုက်စာအတိတ်၊ တဘောင်တွေဆိုလျှင် ဘယ်အရပ်ကနေ မြောက်စူးစူးကို ခရီးတာ ဘယ်လောက်သွား၊ ဘာပင်တွေ့လိမ့်မယ်၊ အဲဒီကနေ အရှေ့တောင်ကို ခြေလှမ်းငါးဆယ်လှမ်း၊ ကျောက်ဂူတွေ့မယ်။ ဒီလိုမဟုတ်ဘဲ အဓိပ္ပါယ်ဖော်ရခက်အောင် ကွယ်ဝှက်ပြီး ရေးထားတော့ ရှာဖို့ခက်သွားတာပေါ့။ စကတည်းက မပေးချင်လည်း ဘာကြောင့် သိုက်ညွှန်းစာရေးနေရသေးလဲ။ ရှေ့ဘာဖြစ်မယ်ဆိုတာ ဟောကိုန်းထုတ်ချင်လည်း တည့်တည့်ပြောပါလား။ ဘာဖြစ်လို့ တဘောင်တွေ စနည်းတွေ လုပ်နေရတာလဲ။

အဂ္ဂိရတ်မှာလည်း ဒီလိုပဲ။ ဓာတုဗေဒပညာလို ပုံသေနည်းတွေ ညီမျှခြင်းတွေနဲ့ တိတိကျကျ မပြောကြ။ လင်္ကာတွေ စာချိုးတွေနဲ့ မျက်စိလည်အောင် လုပ်တတ်သည်။

ဆေးညွှန်းပေးတာတောင် စကားထားဝှက်သလို လုပ်ချင်သည်။ သွားကိုက်ပျောက်ဆေးနည်းတစ်ခုမှာ “ငါးပိလက်လေးသစ်” တဲ့။ ဘယ့်နှယ် ငါးပိလက်လေးသစ်ဆိုတော့ သွားမှာသိပ်ဖို့ နေနေသာသာ ပါးစပ်ထဲတောင် ထည့်ဖို့မလွယ်။

အမှန်က ပါဝင်သော ဆေးအမယ်များမှာ ပထမစာလုံးများဖြင့် အတိုကောက် မှတ်ထားခြင်းဖြစ်၏။ င=ငရုတ်ကောင်း၊ ပိ=ပိတ်ချင်း၊ လက်=လက်ချား၊ လေး=လေးညှင်း၊ သစ်=သစ်ကြမ်းပိုးခေါက်တို့ ဖြစ်သည်။ ဒီနေရာမှာ အဓိပ္ပါယ်ကောက်လွဲသွားနိုင်သည်။ “င” ကို ငရုတ်သီး၊ “လက်” ကို လက်ထုပ်ကြီး၊ “သစ်” ကို သစ်စိမ့်သီးဆိုပြီး မှားထည့်မိလျှင် ဘယ်လိုလုပ်မလဲ။

ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးတွေ လိမ္မာအောင်၊ ဒုက္ခမရောက်အောင် မှာကြားဆုံးမရာမှာတောင် ဇဝေဇ၀ါဖြစ်အောင် လုပ်ခဲ့သေးသည်။ ပုံပြင်တစ်ခုတောင် ရှိသေးတယ်လေ။ သူဌေးကြီးသေတော့ သူ့သားကိုမှာခဲ့တာက…

ခေါင်းတစ်ရာသားစားပါ။

အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ။

ခေါင်းသုံးလုံးနဲ့ ပညာရှိကို ဆည်းကပ်ပါ။



ဒီတော့… သားလုပ်တဲ့သူက ကြက်၊ ဘဲ၊ သိုး၊ ဆိတ်၊ ၀က်၊ အမဲ စသည်ဖြင့် အကောင်တစ်ရာဝယ်ပြီး ခေါင်းဖြတ်စားသည်။ ငွေတွေ သောက်သောက်လဲကုန်သည်။

အိမ်နောက်ဖေး ဈေးဆိုင်ဖွင့်ရောင်းသည်။ ဘယ်သူမှလာမ၀ယ်သဖြင့် အကြီးအကျယ်ရှုံးသည်။

နောက်ဆုံး ခေါင်းသုံးလုံးနှင့် ပညာရှိကို လိုက်ရှာသည်။ အသက်အရွယ် အိုမင်းလွန်းသဖြင့် ခါးကိုင်းနေပြီး ဆောင့်ကြောင့်ထိုင်နေသောအခါ ဦးခေါင်းက ဒူးနှစ်လုံးကြားထဲ ရောက်နေသော အဘိုးအိုတစ်ယောက်ကို တွေ့ရ၏။ ရုတ်တရက်ကြည့်လိုက်လျှင် သူ့အဖေမှာခဲ့သည့် အချက်များ၏ ဆိုလိုရင်းကို သိရလေသည်။

“ခေါင်းတစ်ရာသားစားပါ” ဆိုတာက ဈေးသက်သာသော ငါးသေးငါးဖွဲကလေးတွေ စားခိုင်းခြင်းနှင့် “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုတာက ဟင်းသီးဟင်းရွက် စိုက်ခိုင်းခြင်း ဖြစ်လေ၏။

စောစောစီးစီးက မသိသဖြင့် သားဖြစ်သူမှာ အချိန်ကုန်၊ ငွေကုန်၊ လူပန်း ဦးနှောက်ခြောက် ဖြစ်ခဲ့ရလေသည်။

တကယ်တော့… ခုလို ရှေးလူကြီးတွေကို ဝေဖန်မိတာကလည်း သူ့အဖေကြောင့်သာဖြစ်၏။ သူ့အဖေသည် သူ့ခေတ်သူ့အခါကတော့ ခေတ်အမြင်ရှိသူဖြစ်၏။ အသက်ကြီးလာတော့လည်း ရှေးလူကြီးဖြစ်သွားခဲ့သည်။

သူ့အဖေဆုံးခါနီးတွင် သူ့ကို စာအိတ်တစ်အိတ် ပေးသွားသည်။ အထဲမှာ စာတစ်စောင်ပါသည်။ စာထဲမှာ လမ်းညွှန်မှာကြားချက်တွေ ရေးထားသည်။ ရှေးလူကြီး မပီသမှာ စိုးလို့လားမသိ။ ပဟေဠိဆန်ဆန် ရေးထားသည်။

ပထမလမ်းညွှန်ချက်က .. “နို့အလုံးတစ်ရာကိုစို့ပါ”

တကယ်ပဲ နို့အလုံးတစ်ရာကို စို့ခိုင်းခြင်း မဟုတ်တာတော့ သေချာသည်။ ကိုယ့်သားကို ပါးအချက်တစ်ရာ အရိုက်ခံရအောင်တော့ ဘယ်အဖေမှ ချောက်တွန်းမှာမဟုတ်။ ဒါဖြင့် ဘာအဓိပ္ပါယ်လဲ၊ ဘာကို ဆိုလိုတာလဲ။

သွားစို့လို့ ပါးရိုက်မခံရနိုင်တာက နွားမတွေပဲ ရှိသည်။ ဒါတောင် ချဉ်းကပ်နည်း မမှန်လျှင် အကန်ခံရနိုင်သည်။ နွားမပေါင်းများစွာက နို့များကို စုပေါင်းပြီး ချက်ထားသော နို့ဆီများကို ပြောတာလား။ မဖြစ်နိုင်။ ဟိုအရင်ထဲက လက်ဖက်ရည်ကို တစ်နေ့သုံးခွက်လောက် သောက်ခဲ့တာပဲ။ လက်ဖက်ရည်သောက်တိုင်း နို့ဆီပါနေခဲ့တာပဲ။

စဉ်းစားလို့မရသဖြင့် ခေါင်းရှင်းသွားအောင် ရုပ်မြင်သံကြား ထိုင်ကြည့်နေလိုက်သည်။ အရေးထဲ ကြော်ငြာတွေကလည်း များလိုက်တာ။ ဒီထဲကမှ ကြော်ငြာတစ်ခုကို သတိပြုမိ၏။ မိုးဒီနှင့် စိုးမြတ်နန္ဒာတို့ ပါဝင်သရုပ်ဆောင်ကြသော ကြော်ငြာ။ ဒီတော့မှ ဥာဏ်အလင်းရသွားသည်။

သူသည် ပဲနို့ရည်ကို ၀ယ်သောက်လေတော့သည်။ တစ်နေ့တစ်ပုလင်း မှန်မှန်သောက်သည်။ ပဲနို့ရည်ထဲမှာ ပရိုတင်းတွေ၊ လိုင်စင်းတွေ ပါနေသဖြင့် ကျန်းမာပြီး ၀ဖြိုးလာလေတော့သည်။

ဒုတိယအချက်ကတော့ .. “အိမ်နောက်ဖေးမှာ ဘဏ်တိုက်ဆောက်ပါ”

သူ့အိမ်နောက်ဘက်က ကွက်လပ်ကလေးမှာ ဘဏ်တိုက်နေနေသာသာ အပေါင်ဆိုင်ဆောက်ဖို့လောက်တောင် ကျယ်ဝန်းတာမဟုတ်။ ပြီးတော့ သူ့ဝင်ငွေကလည်း ဘဏ်မှာအပ်ပြီး စုဆောင်းထားရလောက်အောင် ပိုလျှံနေတာမဟုတ်။ ၀င်ငွေနဲ့ စားသောက်စရိတ်နဲ့ မျှတရုံလောက်ပဲ။ စုဆောင်းစရာဆိုလို့…

အဲ… ဟုတ်ပြီ။ စားလိုက်တဲ့အစာတွေက ပျောက်ပျက်သွားတာမဟုတ်။ အသွင်ပြောင်းပြီး ပြန်ထွက်လာတာလေ။ ဒါတွေကို စုဆောင်းထားဖို့အတွက် အိမ်နောက်ဖေးကွက်လပ်မှာ အိမ်သာတစ်လုံးဆောက်လိုက်တယ်။

တတိယအချက်မှာ… “ငရဲပြည်နှင့်ဆက်သွယ်ပါ”

ငရဲပြည်ဆိုတာ လူကိုယ်တိုင်သွားဖို့ကလွဲပြီး ဆက်သွယ်ရနိုင်သည့် တခြားနည်းလမ်းမရှိ။ တယ်လီဖုန်း ဆက်လို့ရတာလည်းမဟုတ်။ ဖက်စ်တွေ၊ အီးမေးလ်တွေ ပို့လို့ရတာလည်းမဟုတ်။ တစ်နည်းပဲရှိသည်။ မြေကြီးကိုဖောက်ပြိး အ၀ီစိရောက်အောင် တူးဖို့။

ဒီလိုလျှောက်တွေးကြည့်မှ အဖြေပေါ်လာသည်။ အ၀ီစိတွင်းတစ်တွင်း တူးလိုက်သည်။ သူတို့ရပ်ကွက်က ရေရှားသည်။ ထို့ကြောင့် အ၀ီစိတွင်းရေကို ရောင်းစားသောအခါ တွက်ခြေကိုက်ကြောင်း တွေ့ရ၏။

ကဲ…နောက်တစ်ခု။ “ခြေထောက် အရောင်းအ၀ယ်ပြုလုပ်ပါ”

ဒါဟာ ၀က်ခြေထောက်စွပ်ပြုတ် ရောင်းခိုင်းတာတော့ မဖြစ်နိုင်။ ချိုင်းထောက်လုပ်ရောင်းလို့လည်း စီးပွားဖြစ်မှာမဟုတ်။

ထိုစဉ်မှာ သူငယ်ချင်းတစ်ယောက် ကားလေးနှင့် ရောက်လာသည်။ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူက ပြောသည်။

“ဟိုတစ်ခါလာတုန်းက ဒီကားမဟုတ်ပါဘူး”

“ဟိုကားလေးက မြတ်လို့ ရောင်းလိုက်ပြီ။ ဒီကားကလဲ ဈေးချောင်လို့ ဆွဲထားတာ၊ ၀ယ်ရောင်းလုပ်တာ မဆိုးဘူးကွ၊ လုပ်တတ်ကိုင်တတ်ရင် ၀င်ငွေလည်းရတယ်။ ခြေထောက်လဲ ရတာပေါ့”

“ဘာ.. ခြေထောက်၊ ဟုတ်လား”

“အေးလေ.. ငါတို့လောကမှာတော့ ကားဝယ်စီးတာကို ခြေထောက်တပ်တယ်လို့ ခေါ်တယ်။ မင်းလည်း ခြေထောက်တပ်သင့်တယ်ကွ”

“အင်း.. ဟုတ်တယ်၊ ငါသဘောပေါက်ပြီ”

သူသည် အောက်ကားလေးတစ်စင်းကို စ၀ယ်၍ ပြုပြင်မွမ်းမံပြီး ပြန်ရောင်းရာ အမြတ်ငွေ နည်းနည်းပါးပါး ရသည်။ လုပ်တတ်ကိုင်တတ်သွားတော့ အောက်ဈေးနှင့်ရှာဝယ်ပြီး တက်ဈေးမှာပြန်ရောင်းရင်း စီးပွားရေးအခြေအနေ တိုးတက်မှုရှိလာသည်။

“ကျင်ငယ်ရည်ထုတ်လုပ်သည့်စက် တည်ပါ”

အဖေကတော့ တော်တော်ပေါက်ပေါက်ရှာရှာ ခိုင်းတာပဲဟု သူတွေးသည်။ အဓိပ္ပာယ်တော့ ဖော်လို့မရ။ ကျင်ငယ်ရည်ဆိုတာ တစ်ခုခုကို တင်စားထားတာပဲဆိုတာတော့ ရိပ်မိသည်။ ဘာလဲဆိုတာ စဉ်းစားရခက်နေသည်။

ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ လမ်းမှာ ရပ်ကွက်ထဲက ၀ါရင့် ယမကာသမားကြီးတစ်ယောက်နှင့် တွေ့သည်။

“ဘယ်သွားမလို့လဲကွ” ဟု မေးသဖြင့် သူက..

“ပျင်းပျင်းရှိလို့ ထွက်လာတာပါ၊ ဘီယာစတေရှင် သွားထိုင်ရင် ကောင်းမလားလို့။ လိုက်ချင်လိုက်ခဲ့ပါလား၊ ကျွန်တော်တိုက်ပါ့မယ်” ပြောတော့ ယမကာသမားကြီးက ..

“တော်ပါပြီကွာ၊ ငါက ဘီအီးကလွဲရင် ဘာမှမကြိုက်ဘူး၊ မင်းဘီယာက အများကြီးသောက်ပြီးမှ နည်းနည်းလေးမူးတာ၊ ဆီးခဏခဏသွားရတာပဲ အဖတ်တင်တယ်”

သူ့ခေါင်းထဲမှာ လက်ခနဲ အကြံရသွားသည်။ ဘီယာသောက်လျှင် ဆီးရွှင်စေသည်။ ကျင်ငယ်ရည်ထုတ်လုပ်သည့်စက်ဆိုတာ ဒါပဲကိုး။

သူသည် စည်ဘီယာဆိုင် ဖွင့်လိုက်လေသည်။

နောက်ဆုံးအချက်ကတော့ “ဦးနှောက်မပါသော ပညာရှိကို ဆည်းကပ်ပါ”

ဘယ်လိုလဲ။ ပညာရှိပါဆိုမှ ဦးနှောက်မပါလို့ ဖြစ်မလား။ သာမန်လူပြိန်းတွေတောင် ဦးနှောက်ကတော့ ပါကြတာပဲ။ လူမပြောနဲ့ တချို့တိရစ္ဆာန်တွေမှာတောင် ဦးနှောက်ရှိကြသည်။ လူရယ်လို့ ဖြစ်လာတာလည်း တိရစ္ဆာန်တွေထက်ပိုပြီး အဆင့်မြင့်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ရခဲ့လို့ပဲ မဟုတ်လား။ ဒီဦးနှောက်ကို အားကိုးပြီးတော့ပဲ ကမ္ဘာကြီးကို မောင်ပိုင်စီးနိုင်ခဲ့တာမဟုတ်လား။

ဘာပဲဖြစ်ဖြစ် ဆိုလိုရင်းအဓိပ္ပါယ်ကိုတော့ ရအောင်ရှာရမည်။ လူတို့သည် ဦးနှောက်ရှိသောကြောင့် တွေးတောကြသည်။ ဒီအခါမှာ ကောင်းတာရော မကောင်းတာပါ တွေးမိသည်။ တရားတာရော မတရားတာပါ ကြံစည်စိတ်ကူးမိကြမည်။ ထို့ကြောင့် ဦးနှောက်မရှိတာကမှ ခပ်ကောင်းကောင်းဟု ဆိုလိုချင်တာလား။

မဖြစ်နိုင်။ ဦးနှောက်မရှိလျှင် အဆိုးသာမက အကောင်းကိုပါ တွေးတောဆင်ခြင်နိုင်မှာ မဟုတ်တော့။ တီကောင်တွေ၊ ပိုးမွှားတွေလို အဆင့်နိမ့်သတ္တ၀ါများနှင့် ဘာထူးတော့မှာလဲ။ ပဟေဠိရဲ့အဖြေကိုရဖို့ ဦးနှောက်ကိုသုံးပြီး စဉ်းစားနေရတာပဲလေ။

ဒါဖြင့် ဦးနှောက်မပါတဲ့ ပညာရှိဆိုတာ ဘယ်လိုဟာလဲ။ ဦးနှောက်မပါဘူးဆိုလျှင် သက်ရှိ မဖြစ်နိုင်တော့။ သက်မဲ့ပဲ ဖြစ်ရမည်။ သက်မဲ့အရာဝတ္ထုတစ်ခုက ပညာရှိဖြစ်နိုင်သလား။ သက်မဲ့အရာဝတ္ထုတစ်ခုကို ဆရာတင်ပြီး ဆည်းကပ်သင့်သလား။ ပညာရှိဆိုလျှင် မေးသမျှ ဖြေနိုင်ရမည်။ အကြောင်းအရာမျိုးစုံကို ခြုံငုံသိရှိနားလည်ရမည်။ ဒါဆိုလျှင်…

သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကွန်ပျူတာတစ်လုံးဝယ်ဖို့ပင် ဖြစ်လေ၏။

မူရင်းရေးသားသူ။ ။ မင်းလူ

Labels:

Tuesday, September 1, 2009

ခြေထောက်နဲ့စန္ဒရားတီးနေတာလေ

လက်နဲ့စန္ဒယားတီးရတာ ရိုးလို့ဖြစ်မယ်။ ဒီတစ်ခါကျတော့ သူတို့တွေက ခြေထောက်နဲ့ စန္ဒယားတီးထားတယ်။ ခံစား နားထောင်ကြည့်ပါဦးနော်။

video

Labels: